ဖိတ်ခေါ်ပါတယ်

ရှေ့ဦးစွာ ဘုရားသခင်ရဲ့နာမတော်ကို ချီးမွမ်းပါတယ်.... ကျတော်အမည်ကတော့ လီဟောင်+ပိရို လို့ခေါ်ပါတယ်.. ကျတော်အကြောင်း အနည်းငယ်မျှဝေချင်ပါတယ်။ သူငယ်ချင်းမိတ်ဆွေများဆီပေါ့..... ကျတော်က တိုင်းရင်းသားထဲကနေ အာခါလူမျိုးစုနွယ်လေးဖြစ်တဲ့ အာခါတောင်ပေါ်သားလေးပါ.......... ကျတော်မိသားစု အကြောင်းလေးကိုလည်း အနည်းငယ်ရှင်းပြပေးချင်ပါတယ်.... ကျတော်တို့မိသားစုအားလုံးပေါင်း 6 ယောက်ရှိပါတယ်...ကျတော်ကတော့အကြီးဆုံးသားဖြစ်ပါတယ်၊ .. မိသားစု နာမည်အနည်းငယ် မိတ်ဆက်ချင်ပါတယ်..အဖေကတော့ ဦးဘော်ဒို + ဒေါ်မီဘ ဖြစ်ပါတယ်...ကျနော်နာမည်ကတော့ လီဟောင်+ပိရို လို့ခေါ်ပါတယ်...ညီမတွေကတော့၊ မစုသက်လှိုင်၊ မအားညီဇယ်၊ မမေရီ၊ တို့ဖြစ်ပါတယ်... ကျတော့ဇာတိကတော့ မိုင်းပြင်းမြို့နယ်၊ တုံတာမြို့နယ်ခွဲ..ရပ်ကွပ်(၃) မှာဖြစ်ပါတယ်..ငယ်မည်မှာ..ပိရိုလို့ခေါ်ပါတယ်.. ကျောင်းမှာကတော့ လီဟောင် လို့ခေါ်ပါတယ်။ အဲဒါကြောင့် လီဟောင်+ပိရို လို့ခေါ်ရခြင်းဖြစ်ပါတယ်... ဘုရားသခင်ရဲ့အလိုအတိုင်းလမ်းလျှောက်ရင်းနဲ့ တာချီလိတ်အထိကို ကောင်းမွန်စွာဖြင့် ပို့ဆောင်ပေးခဲ့ပါတယ်..ဘုရားသခင်မြင့်မြတ်တဲ့ ဘုရားသခင်ဖြစ်ပါတယ်.....ကျတော်တက်ခဲ့ဖူးတဲ့ကျောင်းတွေကတော့ တုံတာမြို့၊ မိုင်းပြင်းမြို့၊ တာလေမြို့၊ မိုင်းကိုးအုပ်စု ဟွေတာရွာ၊ ကျောက်တောင်၊ တာချီလိတ်မြို့ အ.ထ.က ဆန်ဆိုင်း၊ ကျောင်းတွေဖြစ်ပါတယ်..အခုတော့မိသားစုအားလုံးက.ထိုင်းနိုင်ငံဘက်ပြောင်းရွေ့ကုန်ကျပါပြီ.. ကယ်...သူငယ်ချင်းမိတ်ဆွေတို့ စိတ်ရှည်ပြီးဖတ်ပြီးအောင်ဖတ်ပေးတဲ့သူအရောက်ဆီတိုင်းကိုကျေးဇူးတင်ပါတယ်.... အားလုံးအပေါ်မှာလည်း ဘုရားရှင်ကောင်းကြီးမင်္ဂလာတက်ရောက်နိုင်ပါစေ........... ဒါကတော့ ကျွန်တော်လိပ်စာလေးပါ .. ဆက်သွယ်ရန်လိပ်စာ leehaung7@gmail.com http://piyoleehaung.blogspot.com့ http://leehaung.blogspot.com လေးပါ ။... ထိုင်းဖုန်း----0877268721 ခင်မင်ကြတဲ့သူငယ်ချင်းအားလုံး ကျေးဇူးတင်ပါသည်။ သူငယ်ချင်းများအားလုံး ထာဝရပျော်ရွှင်နိုင်ပါစေ......။

အလည်အပတ်ခရီးစဉ်မှတ်တမ်း

Monday, October 1, 2012

အမျိုးသားတွေသိထားဖို့ အမျိုးသမီးအကြောင်း

 အရေးကြီးပါတယ် ကျတော်တို့ယောက်င်္ကျားလေးတိုင်းလိုက်နာရမှာ ဖြစ်ပါတယ်...
ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေတိုင်းမှာ ကိုချစ်သူကိုအားကိုးချင်ပါတယ်...
ဘယ်လိုလဲဆိုတဲ့အကြောင်းဖတ်ကြည့်ရအောင်........ပြီးရင်လုပ်ဆောင်ပါ...

၁ ။ မိန်းကလေးတစ်ယောက် ငိုကြွေးနေပြီဆိုရင် ပျော်လွန်းလို့လည်းဖြစ်နိုင်သလို ၀မ်းနည်းလွန်း လို့ လည်းဖြစ်နိုင်တယ် ။ သင့်ရဲ့ နှစ်သိမ့်စွာ ထွေးပွေ့မှုလေးတစ်ခု က သူ့မျက်ရည်တွေကို တိတ်စေပါတယ် ။

၂ ။ မိန်းကလေးတစ်ယောက် စိတ်ကောက်နေပြီဆိုရင် အလို မကျလို့လည်း ဖြစ်နိုင်သလို သင့်ဂရုစိုက်မှုကို လိုချင် လို့လည်းဖြစ်နိုင်တယ် ။ သင့်ဆီမှာ သူ စိတ်တိုင်းမကျစရာ ဘာရှိသလဲ ပြန်ဆန်းစစ်ပါ ။ အရင်ကထက်ပိုပြီး ဂရုစိုက်ဖို့လည်းလိုပါပြီ ။

၃ ။ အသေးအဖွဲကိစ္စလေးပဲဆိုပြီး စကားကို မဆင်မခြင်မပြောမိပါစေနဲ့ ။ တခါတလေ ကိုယ်က ဘာရယ် မဟုတ်ဘူး ပြောမိလိုက်တဲ့ စကားတစ်ခွန်းက မိန်းကလေးတစ်ယောက်အဖို့ စိတ်ဒါဏ်ရာ ရသွားစေ တာမျိုးလည်းဖြစ်နိုင်တယ် ။

၎ ။ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို ပိုင်ဆိုင်ဖို့ဆိုရင် နားလည်မှုအများကြီးပေးနိုင်ဖို့လည်းလိုတယ် ။ ဥပမာ အခု ရုပ်ရှင်ကြည့်မယ်ပြောပြီးခါမှ ဘုရားသွားချင်တာမျိုး - - ဒါဆို သင် နားလည်ပေးဖို့လိုတယ် ။ ဘုရားကို အတူလိုက်သွားပြီး ပြီးမှ ရုပ်ရှင်ကြည့်ဖို့ ပြန်စည်းရုံးပါ ။

၅ ။ မိန်းကလေးတိုင်းဟာ ကိုယ့်ချစ်သူကို perfect ဖြစ်စေချင်ကြတယ် ။ ဒီတော့ သူတို့ ဂရုဏာ ဒေါသော နဲ့ ပြောတဲ့စကားတွေကို သင် က စိတ်ဝင်တစား လိုက်နာဖို့လိုတယ် ။ ဥပမာ သူက ဆေး လိပ်မသောက်ပါနဲ့လား ပြောခဲ့ပါက ခေါင်းညှိတ်လိုက်ပါ ။ သူ့ရှေ့မှာ မသောက် ပဲ ဖြတ်နိုင်အောင်ကြိုးစားပါ ။ မလွယ်သေး ပါက လျှော့သောက်ပါ ဒါဟာလည်း သူ့စကားကို ၁၀၀ % နားမထောင်ဘူးဆိုတာတောင်မှ ၇၀ % လောက် နားထောင်ခြင်းပါပဲ ။

၆ ။ အရာရာမှာ ကိုယ်က ဦးဆောင်နေဖို့လိုတယ် ။ ဘယ်လောက်ပဲ ထက်မြတ်ကျော်ကြား အောင်မြင်နေတဲ့ အမျိုးသမီးဖြစ်ပါစေ အချိန်တန်ရင်ချစ်သူရင်ခွင်မှာ မှီခိုချင်တာ သဘာဝပါပဲ ။ သူနားခိုဖို့ ကိုယ့်ရင်ခွင်ဟာ အရိပ်ကောင်းတဲ့ သစ်တစ်ပင်လိုဖြစ်ပါစေ ။ ( သစ်တပင်ကောင်း ငှက်တစ်သောင်းနား တော့မဖြစ်စေနဲ့ - - :P )

၇ ။ တခါတရံ မိန်းကလေးတစ်ယောက်က ပျော့ညံ့တတ်ပေမယ့်အချစ် သို့မဟုတ် နှလုံးသားရေးရာနဲ့ ပတ်သတ် လာရင် အံ့သြစရာကောင်းလောက်အောင် မာကျောပြတ်သားတတ်ကြတယ် ။ သူတို့ဟာ သိပ်ပြီးတွေဝေခြင်းမရှိ အမှားအမှန်မကြည့်ပဲ နှလုံးသားကေ စခိုင်းတဲ့အတိုင်း ဘ၀ကို ပုံအောပစ်ဖို့ ၀န်မလေးတတ်ကြဘူး ။

၈ ။ ဘာအကြောင်းပြချက်မှ မရှိပဲ သင့်ကို အတွေ့မခံဘူးဆိုပါတော့ ။ နားလည်ပေးပြီး အချိန်ကို စောင့်ဖို့လိုတယ် ။ အမျိုးသမီးတွေစိတ်ဟာ ဘယ်လို အရာနဲ့မှ ယှဉ်ပြလို့မရလောက်အောင် ထူးခြားဆန်းကြယ်ကြတယ် ။အခုလေး တင် မုန်တိုင်းတိုက်နေပေမယ့် မကြာခင်လေပြည်လေးလည်းဖြစ်သွားတတ်ကြတယ် ။ သူကိုယ့်ကို အတွေ့မခံ တာဟာ ကိုယ့်သူ့ကို ရိုးသွားမှာ စိုးတဲ့အတွက်ဖြစ်နိုင်သလို သူ့ဖက်က တစ်ချို့သော အခက်အ ခဲတွေကြောင့်လည်းဖြစ်နိုင်တယ် ။ သင်နားလည်ပေးလိုက်ပါ ။

၉ ။ ကိုယ့်ကို သ၀န်တိုလွန်းတဲ့အတွက် အမျိုးသမီးတစ်ယောက်ကို သင်စိတ်ပျက်နေလား ။ သင်နားမ လည်သေးတာပါ ။ သူက သိပ်ချစ်လို့ သ၀န်တိုတာဖြစ်တဲ့အတွက် သင့်ဖက်က နားလည်အောင်ရှင်းပြဖို့လိုတယ် ။ သ၀န် တို ခြင်းဟာ မိန်းကလေးအဖို့ မွေးကတည်းက မသင်ကြားပဲ တတ်မြောက်လာတဲ့ ပညာရပ်တစ်ခုဖြစ်တယ် ။

၁၀ ။ သင်လိုချင်တာမရလို့ သင့်ကောင်မလေးကို သင် စိတ်ပျက်နေသလား ။ အဲဒါဆို သင့်အမှားပဲဖြစ်တယ် ။ မိန်းကလေး အများစုဟာ အချစ်ကို တန်ဖိုး ထားပြီး ဘ၀ကိုဒုတိယနေရာမှာထားကြတယ် ။ သင်လိုချင်တာကို သူမပေးသေးတာဟာ သူ့အတွက် အဆင်သင့်မဖြစ်သေးတာရယ် သင့်စိတ်တွေပြောင်းလဲသွားမှာ ကို စိုးတဲ့ အတွက်ရယ်ကြောင့်ဖြစ်တယ် ။

အားလုံးကိုအထူးကျေးဇူးတင်ပါတယ် ........

Thursday, August 23, 2012

ချစ်သူထံကအ၀င်စာပုံး

 ၂၁.၈.၂၀၁၂
(အင်္ဂါနေ့-ည ၈း၅၄ နာရီ)
အစ်ကို….
အစ်ကိုတစ်ယောက်အခုချိန်ဆိုဘာတွေ
လုပ်နေမလဲ….ကွန်ပျူတာပဲကလိနေမလား၊ဘုရားကျောင်းမှာရှိနေမလားမသိဘူးကွယ်….ညီမကတော့ကွန်ပျူတာရှေ့မှာ
အစ်ကို့ကိုပို့ဖို့စာထိုင်ရေးနေတာ အစ်ကို့ကိုအရမ်းသတိရလို့
အရမ်းလွမ်းလို့ စာရေးနေတာပါအစ်ကိုရယ် အစ်ကိုလဲညီမကိုသတိရလွမ်းနေမယ်ဆိုတာ
ညီမယုံကြည်ပါတယ်
အရမ်းအရမ်းချစ်တယ်အစ်ကိုရယ်….အရမ်းလွမ်းတယ်ပြောမကုန်နိုင်တော့ဘူးအစ်ကိုရယ်
အစ်ကိုနေရောကောင်းရဲ့လာ အစ်ကိုနေကောင်းအောင်နေပါနော်
ကျန်းမာရေးလဲဂရုစိုက်ပါနော်….ညီမကတော့နေကောင်းကျန်းမာပါတယ် အစ်ကို့ကို
သတိရလွမ်းတာကလွဲပြီး
အားလုံးအဆင်ပြေပါတယ်ဒါမဲ့ပျော်တော့မပျော်နိုင်ဘူးဖြစ်နေတယ်အစ်ကို ရယ်
အစ်ကို့ကိုမတွေ့ရလို့လေ မပျော်ဘူး ပြီးတော့ ညီမလေ
အခုနေရတဲ့နေရာမှာမနေချင်ဘူး တမျိုးကြီးပဲ ဘုရားကျောင်းလဲမသွားရ နေ့တိုင်း
အပတ်တိုင်း ကျောင်းသွားကျောင်းပြန် အဆောင်မှာပဲနေနေရလို့ ကြာလာတော့
အရမ်းပျင်းလာတယ် လူလဲဘယ်လိုဖြစ်လာမှန်းကိုမသိဘူး တခါတလေကျရင်လေ
မနေချင်တဲ့နေရာကို အတင်းနေခိုင်းသလိုခံစားရတယ်
အစ်ကိုရောအစစအရာရာအဆင်ပြေရဲ့လာ
ဘယ်လိုပဲဖြစ်ဖြစ်သည်းခံပြီးအဆင်ပြေအောင်နေပါနော်အစ်ကို
ဘုရားသခင်ကပစ်မထားပါဘူး အချိန်တန်ရင် ဘုရားရှင်ကောင်းကြီးပေးမှာပါ
အဲဒါကိုအစ်ကိုယုံကြည်ထားပါနော်
ဘာပဲလုပ်လုပ်ဘယ်လိုပဲဖြစ်ဖြစ်စိတ်ရှည်ရှည်ထားပြီးလုပ်ပါနော်အစ်ကို
စိတ်လဲမညစ်နဲနော် ပျော်အောင်နေပါနော်
အမြဲတမ်းပြုံးနိုင်အောင်ကြိုးစားပါနော် အစ်ကိုရေ သူများဘာတွေလာပြောလာပြော
အစ်ကိုဘက်ကမသိသလိုနဲ့ အကောင်းဘက်ပဲမြင်ပေးလိုက်ပါနော်
တနေ့နေ့ကျရင်သူတို့နားလည်လာပါလိမ့်မယ် အစ်ကိုအတွက်ညီမ
အမြဲတမ်းဆုတောင်းနေပါတယ်နော်  “သည်းခံခြင်းသည်အောင်မြင်ခြင်းပဲတဲ့”
တတ်နိုင်သလောက်သည်းခံပါနော်အစ်ကို အစ်ကို့ကို စိတ်ညစ်အောင်
စိတ်တိုအောင်လာလုပ်တဲ့သူအားလုံးအတွက် ဘုရာသခင်ဆီမှာ
သူတို့အတွက်ဆုတောင်းပေးလိုက်ပါ အစ်ကို့ကိုစိတ်တိုအောင်
စိတ်ညစ်အောင်မလုပ်ဖို့ ဆုတောင်းပေးလိုက်ပါနော်အစ်ကို ….
အစ်ကိုရေ အစ်ကို့ဘ၀ကိုလဲညီမနားလည်ပါတယ်
အစ်ကိုဆိုအမြဲတမ်းအလုပ်လုပ်နေရတယ်နော် နားချိန်လဲသိပ်မရှိသလိုပဲ
အစ်ကို့ကိုသနားပါတယ် ညီမလေအစ်ကို့ဘေးနားမှာနေပြီးမကူညီပေးနိုင်တာကိုတော့
စိတ်မကောင်းဖြစ်မိပါတယ်အစ်ကိုရယ်..ညီမကတော့ အလုပ်လဲမရှုပ်ဘူး
အမြဲတမ်းလိုလိုအားနေပါတယ် အစ်ကိုနဲ့အတူတူနေပြီး
အစ်ကို့ကိုကူညီချင်လိုက်တာ ညီမလေ
တစ်သက်လုံးအမြဲတမ်းအစ်ကို့နားမှာပဲရှိနေချင်တယ် ညီမဆုတောင်းနေပါတယ်
အစ်ကိုနဲ့အမြန်ဆုံးအတူတူနေရဖို့ကိုလေ
ဘုရားသခင်အမြန်ဆုံးပြင်ဆင်ပေးလိမ့်မယ်ဆိုတာကို ညီမယုံကြည်ပါတယ်
အစ်ကိုရေ….အစ်ကို့နဲ့အတူတူသွားလည်ခဲ့တဲ့အကြောင်းလေးကိုတွေးပြီးအရမ်းသတိရတယ်
အရမ်းလွမ်းတယ် အဲလိုမျိုးအချိန်လေး ကိုပြန်လိုချင်လိုက်တာ
ညီမလေအစ်ကိုနဲ့အတူတူနေရရင်အရမ်းပျော်တယ် အရမ်းစိတ်ချမ်းသာတယ်
စိတ်ညစ်စရာဘယ်လောက်ရှိရှိ အစ်ကိုနဲ့အတူတူနေနေရရင်လေ
အကုန်လုံးပျောက်သွားတယ်  အစ်ကိုဟာ
ညီမကိုဘုရားသခင်ကပေးထားတဲ့လက်ဆောင်ပါနော် ညီမကအစ်ကို့ကိုချစ်သလို
အစ်ကိုလဲညီမကိုချစ်ပေးလို့ အစ်ကိုနဲ့ညီမတို့နှစ်ယောက်ရဲ့
အချစ်ဟာပိုပိုပြီးတိုးတိုးလာတယ်နော်
တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိနေလို့
လဲအချစ်ကပိုပိုပြီးတော့ခိုင်မြဲလာရတာပေါ့နော်အစ်ကို….
အစ်ကိုနဲ့ညီမတို့နှစ်ယောက်စိုက်ထားတဲ့ အချစ်သစ်ပင်လေးဟာ စိုက်ထားတာအခုဆို
၅လနီးပါရှိလာပြီနော် အချစ်ပင်လေးလဲတော်တော်ကိုကြီးထွားလာပြီ
ဒီငါးလအတွင်းမှာလေ… အစ်ကို..ဒီအချစ်သစ်ပင်လေး
ပိုပြီးရှင်သန်ကြီးထွားလာဖို့ ထာဝရရှင်သန်နေနိုင်ဖို့
ကအစ်ကိုနဲ့ညီမတို့နှစ်ယောက်ရဲ့တာဝန်ပဲနော် နှစ်ယောက်ပေါင်းအချစ်ပင်လေး
ဆိုတော့နှစ်ယောက်စလုံးအမြဲတမ်း ရှင်သန်အောင်လုပ်ရမယ်နော်
ကြီးထွားရှင်သန်လာဖို့ကဘုရားသခင်ဆီမှာအပ်နှံလိုက်မယ်နော် အစ်ကိုနဲ့ညီမက
အချစ်ပင်လေးမပျက်စီးအောင် မနွမ်းသွားအောင် ပိုးမစားအောင် ရေလောင်းပေးရမယ်
မြက်နုတ်ပေးရမယ် ပေါင်းသင်ပေးရမယ် မြေသြဇာကျွေးရမယ်
လေမုန်တိုင်းဒဏ်ကိုခံနိုင်အောင်ကာကွယ်ပေးရမယ်
ဟုတ်တယ်မဟုတ်လာအစ်ကို….အချစ်ရှင်သန်နေဖို့က လေ
အဓိကကတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နားလည်မှု၊ယုံကြည်မှုရှိဖို့လိုတယ်
မဟုတ်လာအစ်ကို ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဂရုစိုက်မှု၊
အမြဲတမ်းတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဆွေးနွေးတိုင်ပင်ဖို့၊ရင်ဖွင့်ဖို့လိုတယ်မဟုတ်လာအစ်ကို………ဒါတွေကညီမအမြင်ပါ
အစ်ကိုအမြင်လဲညီမလိုပဲဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်
စာရေးတာများသွားပြီးထင်တယ် အစ်ကိုရယ် ………………… အခုဆို
စာရေးလို့မကုန်နိုင်တော့ဘူးကွယ် ခံစားချက်တွေအပြည့်အ၀ပဲနော် အစ်ကို
ဒါတွေက အစ်ကို့ကို
အရမ်းချစ်လို့ထွက်ပေါ်လာတဲ့ညီမရင်ထဲကတကယ့်ခံစားချက်အစစ်အမှန်တွေပါနော်
အစ်ကို့ကိုလေ ညီမအရမ်းချစ်တယ် အရမ်းသတိရတယ် အရမ်းလွမ်းတယ်
အမြန်ဆုံတွေ့ချင်လာပြီအမြန်ဆုံးအတူတူနေချင်လာပြီကွယ်………..
ညီမလေအစ်ကို့ကိုချစ်တဲ့စိတ်နဲ့ ဘ၀မုန်တိုင်းအားလုံးကိုရင်ဆိုင်နိုင်ပါတယ်
အစ်ကိုဟာညီမရဲ့ဘ၀ပါပဲ အစ်ကို….ဘ၀တိုက်ပွဲကိုအတူတူ တိုက်ရအောင်နော်
ထာဝရလက်တွဲထားမယ်ဘယ်တော့မှလက်မလွတ်ဘူးနော်
ဒီညတော့ဒီလောက်ပါပဲ အိပ်တော့မယ်နော် အစ်ကို မနက်ကျရင်အစောကြီးထရမှာမို့…..
အစ်ကိုတစ်ယောက်အမြဲတမ်းပျော်ရွှင်ပါစေနော်
အစ်ကို့ကိုဘုရားရှင်ကောင်းကြီးပေးပြီးပျော်ရွှင်သောနေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ပါစေနော်……အစ်ကို့ကိုသိပ်ချစ်တဲ့
ညီမ(ချစ်သူလေး)(မေသူ)
************************ဘိုင်းဘိုင်း**************************
၁၄.၈.၂၀၁၂
(အင်္ဂါနေ့- ည ၁၀း၀၀ နာရီ)
အစ်ကိုရေ….
အရမ်းလွမ်းတာပဲ….အရမ်းသတိရတာပဲ…
အခုအချိန်မှာဆိုအစ်ကိုတစ်ယောက်ဘာတွေလုပ်နေမလဲမသိဘူးနော်….ပျော်နေလား….စိတ်ညစ်နေလား….မသိဘူးကွယ်..ဘယ်လိုပဲဖြစ်ဖြစ်ညီမကတော့..အစ်ကို့ကိုအမြဲတမ်းပျော်စေချင်ပါတယ်ကွယ်
အမြဲတမ်းပြုံးနိုင်ပြီး ပျော်ရွှင်ပါစေလို့အဝေးကနေ ဆုတောင်းပေးပါတယ်နော်
အစ်ကိုရယ် အစစအရာရာအဆင်ပြေရဲ့လား မသိဘူးနော် ညီမကတော့ အချိန်တိုင်း
အစ်ကိုအကြောင်းကို ပဲစဉ်းစားနေမိတယ် အစ်ကိုတစ်ယောက်အဆင်မှပြေရဲ့လားလို့လေ
အချိန်တိုင်းအစ်ကိုအကြောင်းကို သိချင်နေမိတယ် အခုဆို အစ်ကိုနဲ့ညီမ
ရဲ့ဘ၀ဟာ သနားစရာဘ၀ရောက်နေပြီနော်..ဒါပေမဲ့ အားတင်းထားပါနော်အစ်ကို
ညီမလဲအားတင်းထားပါတယ် ရှိသမျှအလွမ်းတွေအားလုံးကို စုထားပါတယ်
အစ်ကိုနဲ့ပြန်ဆုံတွေ့တဲ့အချိန်အဲ့ဒီအလွမ်းတွေကို အဝေးကြီးကို
မောင်းထုတ်ပစ်လိုက်မယ်နော် အစ်ကို အခုတော့ အဲဒီအလွမ်းကပဲ အချိန်တိုင်း
အုပ်စိုးနေတယ် အနိုင်ယူနေတယ် အဲဒီအလွမ်းကပဲပြုံးပျော်နေတယ်လေ
အဲဒီအလွမ်းကိုမုန်းတယ်အစ်ကိုရယ်..နောက်ဆိုညီမတို့ပြုံးပျော်နေရမယ်နော်ညီမယုံကြည်ပါတယ်…အစ်ကိုလဲယုံကြည်ထားပါနော်..
အစ်ကိုရေ….ညီမဖြစ်ချင်တာကလေ ညီမ
အခုဖြစ်နေတဲ့အကြောင်းအရာအားလုံး၊ခံစားနေရတဲ့အရာတွေ၊ပြသနာတွေအားလုံး
အစ်ကို့ကိုပြောပြချင်တယ် ပြီးတော့
အစ်ကိုအခုဖြစ်နေတဲ့အကြောင်းအရာတွေ၊ခံစားနေရတဲ့အရာတွေ၊ပြသနာတွေအားလုံးကိုလဲ
ညီမကိုပြောပြစေချင်ပါတယ် ဒါတွေကညီမဖြစ်ချင်တဲ့အရာတွေပါ
ဒါမဲ့မဖြစ်နိုင်ဘူးလေနော်အစ်ကိုရယ်
ဆက်သွယ်ဖို့ကခက်နေလို့နော်….အင်တာနက်သုံးဖို့ကျတော့အစ်ကိုကအဆင်ပြေတယ်ညီမကသုံးဖို့အဆင်မပြေပြန်ဘူးဖုန်းဆက်ဖို့ညီမကအဆင်ပြေတယ်
အစ်ကိုကအဆင်မပြေပြန်ဘူးနော်….ဘာပဲဖြစ်ဖြစ်ဘုရားသခင်အလိုတော်ပါပဲကွယ်….ဘုရားသခင်ကအရာအားလုံးကိုသိတယ်
ပြင်ဆင်ပေးလိမ့်မယ် ညီမယုံကြည်ပါတယ် ညီမလိုမျိုးအစ်ကိုလဲလွမ်းနေမှာနော်
အစ်ကိုရေ အားတင်းထားပါနော်..အလွမ်းတွေစုထားပါနော် အစ်ကို့ကိုလဲသနားပါတယ်
ညီမကအစ်ကိုဘေးမှာမရှိပေးနိုင်လို့ လွမ်းရတာနော် အစ်ကိုရေ
ညီမကိုနားလည်ပေးပါနော် ညီမလဲကြိုးစားနေပါတယ်
တသက်လုံးအစ်ကိုနဲအတူတူနေရဖို့ကိုလေ အစ်ကိုလဲကြိုးစားထားပါနော်
အေးတူပူမျှအတူတူကြိုးစားပီးဘ၀မုန်တိုင်းကိုအတူတူရင်ဆိုင်ကြမယ်နော် အစ်ကို
ဘာပဲလုပ်လုပ်၊ ညီမကိုလဲတိုင်ပင်ပါနော် အတူတူကြိုးစားကြမယ်လေ
အစ်ကိုတစ်ယောက်တည်းခေါင်းရှုပ်မခံပါနဲ့နော် ညီမကိုလဲပြောပြပါနော်
အစ်ကို…ညီမကလေ အစ်ကို့ကိုအမြဲမပြောင်းလဲတဲ့အချစ်မျိုးနဲ့ချစ်နေပါတယ်နော်
အရမ်းချစ်တယ်အစ်ကိုရယ် အရမ်းလွမ်းတယ် အရမ်းသတိရတယ်
အခြေအနေဘယ်လိုပြောင်းပြောင်း
အစ်ကို့ကိုချစ်တဲ့အချစ်ကဘယ်တော့မှမပြောင်းလဲဘူးနော်
သေတဲ့အထိချစ်နေမယ်နော် အစ်ကိုလဲအခြေအနေဘယ်လိုပြောင်းပြောင်း
ညီမအပေါ်ချစ်တဲ့အချစ်ကမပြောင်းလဲပါနဲ့နော်
အစ်ကို……….ညီမကလေအစ်ကို့ကိုအကြွင်းမဲ့ယုံကြည်ပါတယ်နော်
အစ်ကိုဘ၀ကိုလဲညီမနားလည်ပါတယ်နော် ညီမရဲ့ယုံကြည်မှု၊နားလည်မှု၊နှင့်ညီမရဲ့
အချစ်ကိုတန်ဖိုးထားပေးပါနော်အစ်ကို….
အစ်ကိုရေ..ညီမကလေ
အစ်ကိုရဲ့အချစ်၊နားလည်မှု၊ကြင်နာမှု၊ဂရုစိုက်မှု၊ယုယမှုတွေကိုအမြဲတမ်းလိုချင်နေမိတယ်
ညီမအရမ်းလောဘကြီးလားမသိဘူးနော်အစ်ကို…ညီမကိုနားလည်ပေးပါနော်အစ်ကို ဒါတွေက
အစ်ကို့ကိုချစ်တဲ့စိတ်၊ယုံကြည်တဲ့စိတ်နဲ့ဖြစ်လာခဲ့တာပါနော်.…အစ်ကိုညီမတစ်ခုတောင်းဆိုချင်ပါတယ်
ညီမတတ်နိုင်သလောက်ကြိုးစားပြီးအခွင့်ရရင်ရသလိုအစ်ကို့ကိုစာပို့မယ်နော်
အစ်ကိုလဲ အချိန်ရရင် အစ်ကိုရဲ့ခံစားချက်တွေ အစ်ကို့အကြောင်းတွေကို
စာရေးထားပေးပါနော်
ညီမစာလာပို့တဲ့အချိန်ယူဖတ်မယ်လေ..ဖုန်းဆက်တာအဆင်မပြေရင်လဲ ဒီနည်းတော့
အဆင်ပြေမယ်လို့ထင်ပါတယ် အစ်ကိုကြိုးစားပေးပါနော်….ဖုန်းကတော့
အစ်ကိုအဆင်ပြေရင်တော့ဆက်ပေါ့ အဆင်မပြေရင် မဆက်လဲ ရပါတယ်  ညီမနားလည်ပါတယ်
ဒါမဲ့ အဆက်အသွယ်တော့မပျက်ပါစေနဲ့နော် အစ်ကို
စာလေးတော့ပို့ထားပေးပါနော်….အစ်ကို့ကိုအရမ်းချစ်တဲ့ ညီမ (မေသူ)
……………..ပြန်စာကိုမျှော်လင့်နေပါတယ်……………..

 ၁၅.၈.၂၀၁၂
(ဗုဒ္ဓဟူးနေ့- ည ၁၀း၀၀ နာရီ)
အစ်ကိုရေ….
အရမ်းသတိရတယ်..အရမ်းလွမ်းတယ်..အရမ်းတွေ့ချင်တယ်အစ်ကိုရယ်…အရမ်းအရမ်းအရမ်းချစ်တယ်…သိပ်ချစ်တယ်အစ်ကိုရယ်…..အစ်ကို့ကိုမမြင်ရတာတောင်ကြာပြီနော်
မတွေ့ရတာတော့ ၂ရက်ရှိပြီနော် အရမ်းသတိရတာပဲအစ်ကိုရယ်….အစ်ကိုရော
ညီမလိုပဲသတိရလွမ်းနေလားဟင် အစ်ကိုလဲ ညီမလိုပဲသတိရလွမ်းနေမယ်ဆိုတာကို
ညီမယုံကြည်ပါတယ် အစ်ကို နေကောင်းရဲလားမသိဘူးနော်
အဆင်ရောပြေရဲလားမသိဘူးကွယ်….ဘာပဲဖြစ်ဖြစ် အစ်ကိုတစ်ယောက်
နေကောင်းကျန်းမာပြီး အစစအရာရာအဆင်ပြေပါစေလို့ ညီမအမြဲတမ်း
ဆုတောင်းပေးနေပါတယ်နော်..အစ်ကိုတစ်ယောက်အမြဲတမ်းပြုံးပျော်ရွှင်နိုင်ပါစေကွယ်
အစ်ကိုပြုံးတာကိုပဲမြင်ချင်တယ်နော်..ညီမစိတ်ညစ်ရင်ပျော်အောင်လုပ်ပေးတတ်တဲ့အစ်ကို့ကိုသတိရလိုက်တာအစ်ကိုရယ်…ဂီတာတီး၊ကီးဘုတ်တီးပြီးသီချင်းဆိုပြတာကိုလဲသတိရလိုက်တာကွယ်
အစ်ကိုသီချင်းဆိုပြတာကိုနားထောင်ချင်လိုက်တာ
အစ်ကိုရယ်….အစ်ကိုတစ်ယောက်အခုချိန်ဆိုဘာလုပ်နေလဲမသိဘူးကွယ်
ဘုရားကျောင်းမှာလား၊ဆိုင်မှာကွန်ပျူတာဆော့နေမလား၊ ကလိနေမလားမသိဘူးကွယ်
အရမ်းသတိရတယ်အစ်ကိုရယ်….အသိစိတ် ကအားတင်းထားပေမဲ့မသိစိတ်က
အားတင်းထားလို့မရဘူးအစ်ကိုရယ်အမြဲတမ်းအချိန်တိုင်းအစ်ကို့ကိုပဲသတိရနေမိတယ်
လွမ်းနေမိတယ် ဒီနေ့လေ ညီမအလုပ်တခုရထားတယ် အလွမ်းပြေပေါ့ ဘာလဲဆိုတော့
ကြယ်လေးခေါက်ဖို့ စက္ကူဝယ်လာတယ် ဒီညစခေါက်ကြည့်တာ အစတော့သိပ်မလှဘူး
ကြယ်လေးကလေ ဒါမဲ့ညီမကြိုးစားပြီးခေါက်နေပါတယ်
ကြယ်လေးလှလှလေးခေါက်နိုင်အောင်လေ…. အလွမ်းတွေစုထားတဲ့ ကြယ်လေးက
အစ်ကို့အတွက်ပါနော်….ဘာဖြစ်လို့လဲဆိုတော့ ကြယ်လေးခေါက်နေရင်
အစ်ကို့ကိုလွမ်းတာ နည်းနည်းသက်သာတယ်လေ အဲဒါကြောင်း
ခေါက်ထားတဲ့ကြယ်လေးကအလွမ်းတွေစုထားတဲ့ကြယ်လေးပေါ့နော်..အစ်ကိုလဲကြိုးစားပါနော်
အစစအရာရာပေါ့ အစ်ကိုကြိုးစားနေပါတယ်ဆိုတာကိုညီမယုံကြည်ပါတယ်
အားလဲကိုးပါတယ် နော်အစ်ကို….ဒီညတော့ဒီလောက်ပါပဲ
ကြယ်လေးခေါက်ရမှာမို့လို့နော်
အစ်ကို….အစ်ကို့ကိုသက်ဆုံးတိုင်အမြဲတမ်းအချိန်တိုင်း ချစ်နေမဲ့ညီမ (မေသူ)

၁၉.၈.၂၀၁၂
(တနင်္ဂနွေနေ့-မနက် ၁၀း၀၀ နာရီ)
အစ်ကိုရေ….
အစ်ကို အခုအချိန်လောက်ဆိုဘုရားကျောင်းမှာဘုရားရှိးခိုးနေလောက်ပြီနော်
အစ်ကို..ညီမအတွက်လဲဆုတောင်းပေးနော်..အစ်ကို့ကိုလေညီမအရမ်းသတိရတယ်
အရမ်းလဲလွမ်းတယ်အစ်ကိုရယ်….အစ်ကိုလဲညီမလိုပဲ သတိရနေမယ် လွမ်းနေမယ်
ဆိုတာယုံကြည်ပါတယ် အစ်ကိုတစ်ယောက်အစစအရာရာအဆင်ပြေရဲ့လား
နေကောင်းကျန်းမာပျော်ရွှင်ရဲ့လား မသိဘူးကွယ် အစ်ကို့အတွက်ညီမ
အမြဲတမ်းဆုတောင်းပေးနေပါတယ်နော် အစ်ကိုရေ.. ညီမလေ
အစ်ကို့ကိုဘာဖြစ်လို့အဲလောက်ထိစွဲလန်းပြီးချစ်နေတာလဲမသိဘူးနော် အခုဆို
ညီမလေ အစ်ကို့ကိုမတွေ့ရ ဖုန်းနဲ့လဲမပြောရရင်လေ အရမ်းကိုခံစားနေရတယ်
သေလောက်အောင်ခံစားနေရတယ် တချိန်လုံး အမြဲတမ်းအစ်ကို့ကိုပဲသတိရနေမိတယ်
ဘယ်လို့မှထိန်းလို့လဲမရဘူး ခံပဲခံစားနေရတယ် အစ်ကိုရယ်
အားတော့တင်းထားပါတယ် ဘယ်အချိန်လဲမလဲတော့မသိတော့ဘူးကွယ် အစ်ကိုရေ
ညီမကိုသနားပါဦး ညီမအဖြစ်ကိုလှည့်ကြည့်ပါဦးလား အစ်ကိုရယ်
အစ်ကို့ကညီမလောက်မခံစားရဘူးထင်တယ်နော် အစ်ကိုပဲကောင်းပါတယ် သိပ်မခံစားရတာ
ညီမတော့ အရမ်းကိုခံစားနေရပြီးကွယ် ဘယ်အချိန်ကျမှအဲဒီခံစားချက်
နဲ့လွတ်မလဲမသိဘူးကွယ် ဘာပဲဖြစ်ဖြစ် အစ်ကိုရာ ညီမကလေ
အစ်ကို့ကိုချစ်နေရတာကိုပဲ ကျေနပ်နေပါတယ် အစ်ကိုကအခုတလော
ညီမကိုသိပ်ဂရုမစိုက်သလိုပဲနော် အစ်ကိုဘာတွေဖြစ်နေတာလဲဟင်
ညီမကိုပြောပြလားအစ်ကိုရယ် ညီမမခံစားနိုင်လို့ပါ
အစ်ကိုဘာတွေအဆင်မပြေမှုတွေဖြစ်နေတာလဲ ညီမကိုပြောပြပါနော်
ညီမအရမ်းသိချင်နေတယ် အစ်ကိုရယ် ဖုန်းဆက်လို့လဲမရဘူးလေ အစ်ကို့ကို
အစ်ကိုကညီမကိုလဲမဆက်သွယ်ဘူးလေ
ညီမကဘယ်လောက်ထိခံစားနေရလဲဆိုတာအစ်ကိုသိရဲ့လာ အစ်ကိုရေ
ညီမကိုသနားပါဦးနော် ညီမကမိန်းကလေးတစ်ယောက်လေ
ကိုယ့်ချစ်သူကိုစိတ်ပူတာပေါ့ အစ်ကိုကမဆက်သွယ်ရင် ဘာဖြစ်တာလဲ
အဆင်မပြေတာလားဆိုတာကိုမသိရဘူးလေ အစ်ကိုကယောကျာင်္းလေးဆိုတော့
ညီမကိုစိတ်ချတယ်ပေါ့နော် အစ်ကိုကညီမဘာတွေဖြစ်နေလဲ
ဆိုတာကိုမသိချင်တော့ဘူးလာအစ်ကိုရယ် ညီမကိုစိတ်မပူလားဟင်
အစ်ကိုကဖုန်းဆက်ရတာအဆင်မပြေဘူးလို့ပြောတယ်နော်
ညီမကအစ်ကိုဖုန်းဆက်ဖို့အဆင်မပြေရင်ညီမဆက်မယ်ဆိုပြီးဆက်လိုက်တိုင်း
စကာားပြောတာအဆင်မပြေခဲ့ဘူးနော် အစ်ကိုကဘာတွေဖြစ်နေမှန်းလဲမသိဘူ
အကျိုးအကြောင်းလဲမပြောပြဘူး ညီမကို ဒီတိုင်းပဲထားတော့မှာလားအစ်ကိုရယ်
ညီမမပြန်လာမချင်းပေါ့ အစ်ကိုကတော်တော်နေနိုင်တယ်နော်
အရင်ကလိုလဲမတူတော့ဘူး အရင်တုန်းကဆို ညီမကိုမတွေ့ရရင်လဲ မနေနိုင်ဘူး
အခုဆို ညီမဆက်သွယ်လဲ အစ်ကိုကဂရုမစိုက်တော့ဘူး အစ်ကိုရယ်
ညီမအရမ်းခံစားနေရပြီနော် အစ်ကိုမသနားတော့ဘူးလာဟင် အစ်ကိုက
ဘာအကျိုးအကြောင်းလဲမပြောပြဘူး အဆင်မပြေရင်မပြေတဲ့အကြောင်းလေးဘာလေးသိရင်လဲ
တော်သေးတယ် ခံစားရတာနည်းနည်းသက်သာဦးမယ်  အခုကညီမဘယ်လိုနေရမှာလဲ
အစ်ကိုရယ်………အကျိုးအကြောင်းလေးလဲပြောပြပါဦးအစ်ကိုရယ် ညီမကတော့ အမြဲတမ်း
အချိန်တိုင်း အစ်ကို့ကိုပဲမျှော်လင့်တမ်းတနေပါတယ် ညီမမျှော်လင့်သလောက်
အစ်ကိုက ဂရုမစိုက်ဘူးနော် ချစ်သူဆိုတာဘာပဲဖြစ်ဖြစ် တိုင်တိုင်ပင်ပင်
ဖြစ်နေရမယ် ဘာတွေဖြစ်နေလဲ ဘာတွေအဆင်မပြေလဲ ဆိုတာကိုမေးမြန်းနေရမှာမဟုတ်လာ
အစ်ကိုရယ် ပြီးတော့ စိတ်ညစ်နေရင်၊အားငယ်နေရင်လဲတစ်ယောက်နဲ့တစ်ယောက်
အားပေးရမယ်မဟုတ်လာ ပြသနာရှိရင်လဲ အတူတူတိုင်ပင်ပြီးဖြေရှင်းရမှာမဟုတ်လာ
အစ်ကိုရယ် ညီမကိုဖြေပေးပါဦး အစ်ကိုရယ် …………..ညီမဘ၀မှာလေ
အစ်ကို့ကိုပဲကြည့်ပြီးအားယူနေရတာပါ ညီမအိမ်ကလူလဲညီမကို ဂရုမစိုက်ဘူး
ညီမအဆင်ပြေလားမပြေဘူးလာဆိုတာကိုလဲ သူတို့မမေးကြဘူး အားလဲမပေးဘူး
အစ်ကို့ကိုတွေ့ပြီးနောက် ညီမကိုဂရုစိုက်တဲ့သူ တစ်ယောက်ပေါ်လာပါလားဆိုပြီး
အရမ်းကိုပျော်ရွှင်ခဲ့ရတာပါ အစ်ကိုရယ် အိမ်ကလူဂရုစိုက်ရင်လဲ
အစ်ကိုဂရုစိုက်ပေးရင် ညီမဘ၀ပြည့်စုံပါပြီးကွယ် အခုကအစ်ကိုလဲဂရုမစိုက်တော့
ညီမအရမ်းအားငယ်တာပဲအစ်ကိုရယ် အဲဒါကို စဉ်းစားတိုင်း မျက်ရည်ကျလာတယ်
ရှေ့ဆက်ဘယ်လိုအသက်ရှင်ရမှာလဲဆိုတာကို မသိတော့သလိုခံစားရတယ် အစ်ကိုရယ်
ညီမဘ၀မှာလေ အစ်ကိုအားပေးမှုအရမ်းလိုအပ်နေတယ် အခုလေစိတ်လဲအရမ်းပင်ပန်းနေတယ်
အစ်ကိုရယ်…ညီမအတွက် ဆုတောင်းပေးဦးနော် အစ်ကို
ညီမအခုတလောစိတ်တွေမငြိမ်ဘူးဖြစ်နေတယ် စိတ်အရမ်းလှုပ်ရှားနေတယ်
ကိုယ့်ကိုကိုယ်ဘာတွေတွေးနေမှန်းကိုမသိဘူးအစ်ကိုရယ်
.အစ်ကို့ကို အရမ်းချစ်တဲ့ အမြဲတမ်းမျှော်လင့်နေတဲ့ ညီမ(မေသူ)………………………
အစ်ကိုတုန့်ပြန်မှုကိုမျှော်လင့်ပါတယ် ဖြေပေးဖို့မျှော်လင့်ပါတယ်
စာပြန်ပေးဖို့မျှော်လင့်ပါတယ်




၁၉.၈.၂၀၁၂
(တနင်္ဂနွေနေ့-ည ၁၀း၀၀ နာရီ)
ချစ်သူရေ…
အရမ်းလွမ်းတယ် အရမ်းသတိရတယ် အရမ်းချစ်တယ်
အရမ်းတွေ့ချင်တယ်ကွယ်….ဒီနေ့တနေကုန်ချစ်သူကိုဖုန်းဆက်တာ မရလို့
တနေ့လုံးစိတ်ညစ်ညစ်နဲ့ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတာ စိတ်ညစ်တာပျောက်အောင်
အိပ်မယ်ဆိုပြန်တော့ အိပ်လို့မပျော်ဘူးဖြစ်နေတယ် အဲဒါနဲ့
ချစ်သူနဲ့ဖုန်းပြောရမှဖြစ်မယ် ဆိုပြီးမရရအောင်ကိုဆက်မယ်ဆိုပြီ
ဆက်လိုက်တာ နောက်ဆုံးတော့ ချစ်သူနဲ့ဖုန်းပြောရလို့စိတ်ညစ်သက်သာသွားတယ်
အရမ်းကိုပျော်သွားတယ် မဟုတ်ရင်တနေကုန် တညလုံးလဲ ခံစားနေရမှာ
ညလဲအိပ်လို့ရတော့မှာမဟုတ်ဘူး  ချစ်သူရေ အခုလေ ချစ်သူလေး
တကယ်အရှုးမတစ်ယောက်ဖြစ်နေပြီသိလာ မနေနိုင်မထိုင်ဖြစ်နေတယ်
တကယ့်အချစ်ရှုးမလေးပဲနော် ချစ်သူကဘာဖြစ်လို့
ချစ်သူလေးကိုအဲလောက်ထိချစ်အောင်လုပ်ထားတာလဲဟင် ဘာဆေးတွေကျွေးလိုက်တာလဲ
ချစ်သူလေးကတော့မနေနိုင်တော့ဘူး အရမ်းချစ်နေပြီ………..ချစ်သူသာထားခဲ့ရင်
ချစ်သူလေးတော့တကယ့်အရှုးမဖြစ်သွားလောက်တယ် သိလာ….ဒီညလေ သူငယ်ချင်းဆီက
လိုင်းသွားသုံးတာ လိုင်းကမတက်ဘူးအကြာကြီးနေမှ gtalkရတာ gtalk တက်လာတော့
ချစ်သူရဲ့စာကိုမြင်ရ၊ ဖတ်ရတော့
အရမ်းကိုဝမ်းသာသွားတယ်အရမ်းကိုပျော်သွားတယ်ချစ်သူရေ
….ချစ်သူလေးဘယ်လောက်ထိရှုးသွပ်နေလဲ ဆိုတော့
ချစ်သူကိုစကားပြောရရင်ဖြစ်ဖြစ်၊ ချစ်သူရဲ့စာကိုမြင်ရရင်ဖြင့်
အရမ်းကိုပျော်တယ် ချစ်သူလေး အတွက်တော့ တကယ့်အားဆေးတခွက်ပါ
အရမ်းအားရှိသွားတာပဲ ချစ်သူလေးက ချစ်သူကို အရမ်းချစ်တယ်ဆိုပြီး
ချစ်သူလေးကိုအထင်မသေးလိုက်ပါနဲ့နော် ချစ်သူကိုလေ
ချစ်သူလေးအရမ်းချစ်တာပါနော်….တကယ်အစစ်အမှန်ကိုချစ်နေတာပါ
ချစ်သူကိုလဲယုံကြည်ပါတယ် ချစ်သူလေးကိုမထားခဲ့ဘူးဆိုတာကိုလေ
ချစ်သူကိုအားလဲကိုးပါတယ် ဘ၀လက်တွဲဖော်အဖြစ်
တသက်လုံးလက်တွဲသွားမယ်လို့ချစ်သူလေးလဲကတိပေးပါတယ် ဘယ်တော့မှမပြောင်းလဲဘူး
ဘာပဲဖြစ်ဖြစ် ချစ်သူနဲ့ချစ်သူလေးတို့နှစ်ယောက် ဘ၀ကို အတူတူ
ရင်ဆိုင်ကြမယ်နော် တစ်ယောက်အားငယ်နေရင် တစ်ယောက်ကအားပေးမယ်
တစ်ယောက်လဲရင်တစ်ယောက်ကထူမမယ်နော် ချစ်သူနဲ့ချစ်သူလေးတို့နှစ်ယောက်
တစ်ကမ္ဘာတည်ထောင်မယ်နော် …..အရမ်းသာယာပျော်ရွှင်တဲ့ အချစ်အိမ်လေးကို
ဆောက်ကြမယ်နော် ချစ်သူ….အဲဒါတွေကိုအမြဲတမ်းမျှော်လင့်နေမယ့်ချစ်သူလေးပါနော်….
ကယ်…. ချစ်သူရေ စာများသွားပြီထင်တယ် ချစ်သူလေး ခံစားချက်တွေရေးရင်
ချစ်သူကဖတ်နိုင်ပါ့မလားမသိဘူးနော် ရေးလို့လဲမကုန်နိုင်တော့ဘူး
ခံစားချက်တွေက အများကြီးပါပဲ  ချစ်သူလေးရေးတဲ့စာ
အမှားရှိခဲ့ရင်ခွင့်လွတ်ပါနော်ချစ်သူ ချစ်သူအတွက်
ခံရခက်တဲ့စာဖြစ်ခဲ့လျှင်လဲခွင့်လွတ်ပေးပါနော် ချစ်သူကိုအရမ်းချစ်တဲ့
ချစ်သူလေး (မေသူ)….

ချစ်သူထံရေးတဲ့စာ

♥♥♥ ချစ်သူလေးအတွက် ဖတ်ဖို့စာအနည်းငယ်ရေးလိုက်ပါတယ် ♥♥♥
♥♥♥ ကြယ်တွေစုံတဲ့ညရဲ့အာကာသကွက်လပ်ပြင်ကို♥♥♥
               ♥♥♥ချစ်သူလေး မှမရှိခဲ့လေတော့ တကယ်ကိုပျင်းစရာပေါ့..... ♥♥♥                        
♥♥♥ ပြည့်စုံခြင်းတွေကင်းမဲ့နေတဲ့♥♥
♥♥♥ ကိုယ့်ရင်တွင်းက ကွက်လပ်ပြင်ကြီးကို♥♥♥
♥♥♥ချစ်သူလေး ရောက်လာခဲ့လို့ ဘ၀မှန်ကို လက်တွဲသွားဖို့ စိတ်ချရတာပေါ့♥♥♥
♥♥♥အခုတော့ မနီးမှန်းသိနေတဲ့ခရီးလမ်းတစ်ခုကို♥♥♥
♥♥♥ စိတ်ကူးယာဉ်မြန်စီးလို့အကြိမ်ကြိမ်ရောက်♥♥♥
♥♥♥ ပျောက်ကျန်နေဖူးတဲ့ချစ်သူလေးရဲ့အရိပ်ကလေးကို♥♥♥
 
♥♥♥ထာဝရ ခိုဝင်ခွင့်ပေးပါနော်....မမျှော်လင့်ပဲတွေ့လိုက်ရတဲ့..♥♥♥
♥♥♥ချစ်သူလေးကို မမျှော်လင့်ပဲ ဝေးသွားရတယ် ဝေးသွားနေရတဲ့အခိုက်မှာ♥♥♥
♥♥♥ဘာကိုမှ စိုးရင်ခြင်းမရှိပဲနဲ့ အားပြည့် အားမန်နဲ့ အချစ်စစ်နှလုံးသားလေးနဲ့♥♥♥
♥♥♥ကျော်ဖြတ်ကျတာပေါ့နော်..နီးရဖို့ရက်တွေက တစ်ရက်ထက်တစ်ရက် ♥♥♥ကုန်ဆုံးနေပါတယ်..♥♥♥
♥♥♥ဟိုးအဝေးကြီးမှာ နေတဲ့ခဏ ခံစားချက်လေးတွေကိုချစ်သူလေး ၊ ချစ်သူလေးနဲ့ပဲမြင်ယောင်နေမိပါတယ်..♥♥♥


♥♥♥ပြန်ဆုံရမယ့် နေ့ရက်လေးတွေမရောက်သေးခင် အချစ်စစ်တွေများစွာမွေးဖွားနိုင်ခဲ့သလို...♥♥♥
♥♥♥ခံစားချက်တွေလည်း အပြည့်ခံစားရခဲ့ပြီလေး၊ ဒါတင်မကဘူး နာလည်မှု့တွေ♥♥♥
♥♥♥လည်းပိုပြီးတော့၊ အပြည့်အ၀ခံစားရလာပြီလေးနော်..နောက်ဆို♥♥♥
♥♥♥ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့ အချစ်စစ်မျိုးနဲ့♥♥♥
♥♥♥ဘ၀ကိုရင်ဆိုင် လက်တွဲကာ ဆူးလမ်းဖြစ်စေ၊♥♥♥
♥♥♥ မြေနီလမ်းဖြစ်စေ၊♥♥♥
♥♥♥ ကျောက်ခဲလမ်းဖြစ်စေ၊ လမ်းမှန်တမျှနဲ့၊♥♥♥
♥♥♥ ရေလှိုင်းကြီးနဲ့အတူ ဘ၀ခရီးကြမ်းတမ်းပါစေ၊ ♥♥♥
♥♥♥အားလုံးကိုပြုပြင်ပြောင်းလဲနိုင်တဲ့အချစ်မျိုးနဲ့ ချစ်သူလေးနဲ့အတူ ♥♥♥
♥♥♥ရင်ဆိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားပါတယ်..ချစ်သူလေးကိုလည်းကိုယ်သနားမိပါတယ် ♥♥♥
♥♥♥မပြည့်စုံတဲ့ ယောက်ကျားလေးတစ်ယောက်ရဲ့ ရင်ခွင်ထဲကို တိုးဝင်လာတဲ့အတွက်..♥♥♥
♥♥♥ချစ်သူလေးစိတ်တိုင်းကျမလုပ် ပေးနိုင်တဲ့အတွက်လည်း ♥♥♥
♥♥♥စိတ်တော့မကောင်းပါဘူး......♥♥
♥♥♥ချစ်သူလေးကို..♥♥♥
♥♥♥ကိုယ်က ပြည့်ပြည့်စုံစုံထား♥♥♥
♥♥♥ချင်ပါတယ်..ဒါပေမယ့် အလိုတော်က မပြည့်ခဲဘူးလေး ♥♥♥
♥♥♥အဲဒါကြောင့်လည်း ဘုရားသခင်ကို ပိုပြီးသိတတ်လာတာပေါ့ အခုတော့ အားလုံးကို ♥♥♥
♥♥♥ဘုရားရှင်ထံ အပ်နံထားပါတယ်..စိတ်ချလို့ရပြီပေါ့.........♥♥♥

♥♥♥ ကဗျာလို ရေးတဲ့ ကဗျာ ♥♥♥
♥♥♥အလွမ်းည♥♥♥
♥♥♥တမ်းတလို့ ငါငို♥♥♥
♥♥♥မှန်းဆလို့တွေးချိန်♥♥♥
♥♥♥ချစ်သူရှိခဲ့နေရာ♥♥♥
♥♥♥ကိုပြန်တမ်းတရင်း♥♥♥
♥♥♥အဖော်မဲ့စွာ ငိုကြွေး♥♥♥
♥♥♥ငါ့ရဲ့အချစ်တေး♥♥♥
♥♥♥လှလှလေးကို♥♥♥
♥♥♥ချစ်သူသိမယ်ဆို ကျေနပ်တယ်♥♥♥
♥♥♥ဟိုတစ်ချိန်က♥♥♥
♥♥♥လှတဲ့လမင်း♥♥♥
♥♥♥အခုတော့♥♥♥
♥♥♥အထီးကျန်ခြင်း အကျည်းတန်ခြင်း♥♥♥
♥♥♥သရုပ်ကိုဖော်ခဲ့♥♥♥
♥♥♥ချစ်သူမရှိတဲ့ ရင်ခွင်♥♥♥

♥♥♥သြော်...လှပခြင်း ကင်းမဲ့နေပြီနော်...♥♥♥

♥♥♥ လွမ်းလေလေလွမ်းတယ်ချစ်သူလေးရယ်♥♥♥


♥♥ မိုင်ထောင်ချီဝေး ရေမြေကခြား ♥♥

♥♥♥ မျှော်နေမလား လက်ချိုးရေတွက် ♥♥♥

♥♥♥ လွမ်းရရက်ရှည် အသင်္ချေမို့ ♥♥♥

♥♥♥ အနေအေးလို့ စိမ်းမသွားနဲ့ ♥♥♥

♥♥ မခေါ်သာသေး သူမို့ ♥♥

♥♥♥ တော်ရာကဘဲ လွမ်းတယ်ချစ်သူ ♥♥♥ 


♥♥ သံယောဇဉ်နဲ့ နှောင်ချည်ပတ်ရစ် ♥♥

♥♥♥ ချစ်စစ်ဖြစ်စေ လက်တွဲမဖြုတ် ♥♥♥

♥♥♥ ဘဝဆုံးထိ လျှောက်ရအောင်လေ ♥♥♥ 

♥♥♥ တစ်ကယ်ပါဘဲ အဖြစ်သဲတယ် ♥♥♥

♥♥ အပြစ်ဖို့ရင် တွယ်တာသူမို့ ♥♥

♥♥ မရုန်းမဖယ် တိုးလို့သာကွယ် ♥♥

♥♥♥ပြောမကုန်နိုင်လောက်အောင်♥♥♥

♥♥♥ ချစ်မိခဲ့တယ် ♥♥♥


♥♥♥ တစ်နေတစ်ရက် အတွေ့ခက်တော့ ♥♥♥

♥♥♥ လွမ်းရက်ရာထောင် ဝေးတယ်ထင်ရ♥♥♥

♥♥♥ ဘယ်သူကမြင် ဘယ်သူကသိ ♥♥♥

♥♥ကိုယ့်ရင်ထဲမှာ အရိပ်လို့ဘဲ ♥♥

♥♥♥ အဝေးကဘဲ လွမ်းနေရတယ် ♥♥♥

♥♥♥ ချစ်သူလေးရယ် ♥♥♥


ဒီနေ့တော့ဒီလောက်နဲ့ပဲရပ်ထားလိုက်တော့မယ်နော်

ချစ်သူလေးမှာ နေ့ရက်တိုင်း

ပျော်ရွှင်တဲ့ ရက်လေးပေါင်းများစွာကိုခံစားနိုင်ပါစေ...

ဘုရားရှင် ချစ်ညီမနဲ့ အတူ

ကောင်းကင်တန်မန် တပ်ချပြီးကွယ်ကာ မစပါစေ...

အရာရာအားလုံးအောင်မြင်ခွင့်ရနိုင်ပါစေ။..

ချစ်သူလေးစိတ်တိုင်းကျမဖြစ်စေပဲနဲ့

ဘုရားရှင်အလိုတော်အတိုင်းဖြစ်ပါစေ...........

♥♥♥ အရမ်းလည်းချစ်တယ် ♥♥♥

♥♥♥ အရမ်းလည်းလွမ်းတယ် ♥♥♥

♥♥♥ အရမ်းလည်းသတိရတယ် ♥♥♥

♥♥♥ အရမ်းလည်းမျှော်နေတယ် ♥♥♥

♥♥♥ အရမ်းကိုလည်းချစ်နေတယ် ♥♥♥

 ♥♥♥ အရမ်းလည်းပြောမကုန်နိုင်အောင်ချစ်တယ် ♥♥♥


ဘိုင်းဘိုင်းးးးးးးးးးးးနော်........သိပ်ချစ်ရတဲ့


အာခါတောင်ပေါ်သားလေးးးးးးးးးးးး

♥♥♥ အစ်ကို ♥♥♥  

♥♥♥အာခါတောင်ပေါ်သားလေး ♥♥♥လီဟောင်(ခ)ပိရို ♥♥♥